Saturday, September 12, 2015

၁၂.၉.၂၀၁၅ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်ရှားတောမြို့နယ်သိုသွားရောက်













https://youtu.be/iiFyti9xuBc

၁၂.၉.၂၀၁၅ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်ရှားတောမြို့နယ်သိုသွားရောက်

အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် (၇း၀၀) နာရီ တွင်၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက်ဟောပြောပွဲ ကျင်းပမည့် ကယားပြည်နယ် ရှားတောမြို့နယ်သို့ ခေတ္တတည်းခိုနေထိုင်ရာလွိုင်ကော်မြို့နန်းထိုက်စံ တည်းခိုရိပ်သာမှ စတင်ထွက်ခွါပြီး နံနက် (၉း၁၅) နာရီတွင်ရှားတောမြို့ သို့ရောက်ရှိလာရာမြို့အ၀င်မှ စတင်ပြီး ဒေသခံတိုင်းရင်းသာပြည်သူများနှင့် မြို့မိမြို့ဖများ၊ အဖွဲ့ချုပ်ကယားပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စည်သူနှင့် အလုပ်အမှု့ ဆောင်များ၊ အောင်နိုင်ရေးအဖွဲ့ မှတာဝန်ရှိသူများက ကြိုဆိုကြသည်။
အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည်ခေတ္တနားပြီး ဟောပြောပွဲကျင်းပမည့်နေရာသိုဆက်လက်ထွက်ခွါလာပြီး၊ နံနက် (၉း၃၀) နာရီတွင် ဒေသခံတိုင်းရင်းသားပြည်သူလူထုအားရွေးကောက်ပွဲနှင့် မဲစာရင်းကိစ္စများအားရှင်းလင်းပြောကြားပြီး ဟောပြောပွဲတက်ရောက်လာသူများမှသိလိုသည်များကိုမေမြန်းရာအဖွဲ့ချုပ်ဥက္ကဋ္ဌ မှ ပြန်လင်းရှင်းလင်းဖြေကြားပြီး ရှားတောမြို့ မှနံနက် (၁၀း၃၀) နာရီတွင် လွိုက်ကော်မြိုသို့ ပြန်လည်ထွက်ခွါသည်။ နံနက် (၁၂း၃၀) နာရီတွင်လွိုက်ကော်မြို့ နန်းထိုက်စံတည်းခိုရိပ်သာသို့ ပြန်လည်ရောက်ရှိသည်။ နေ့လည် (၁း၄၅ )နာရီ တွင်ခေတ္တတည်းခိုနေထိုင်ရာလွိုင်ကော်မြို့ နန်းထိုက်စံ တည်းခိုရိပ်သာမှလေဆိပ်သို့ ပြန်လည်ထွက်ခွါပြီး နေ့လည် ၂း၀၀ နာရီတွင် MAIလေယဉ်ဖြင့် ရန်ကုန်မြို့ ပြန်လည်ထွက်ခွါခဲ့သည်။

No comments:

Post a Comment