Sunday, August 30, 2015

၃၀.၈.၂၀၁၅ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဥတ္တရသီရိမြို့နယ်တွင် လူထုဟောပြောပွဲပြုလုပ်






ပြည်သူများရဲ့ လွတ်လပ်မှု၊ လုံခြုံမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြားဒီစကား

“ရှင်းရှင်းလေးပဲ ပြည်သူတွေက လွတ်လပ်မှုနဲ့ လုံခြုံမှုကိုလိုချင်တယ်။ ကျွန်မဒါကို ပြည်သူတွေနဲ့ ဆွေးနွေးပြီးတော့ စကားပြောကြည့်တဲ့ အခါကြရင် ပြောတာကအမျိုးမျိုးဘဲ ဒါပေမယ့် အားလုံးကို ခြုံငုံကြည့်လိုက်ရင် ပြည်သူတွေက လွတ်လပ်မှုနဲ့၊ လုံခြုံမှုကိုလိုချင်တယ်။ လွတ်လပ်မှုဆိုတာက လွတ်လွတ် လပ်လပ်နဲ့ ကိုယ့်ဘ၀ကို ထူထောင်ပိုင်ခွင့်ကိုပြောတာ လွတ်လွတ်လပ်လပ်နဲ့ လူများကို အနိုင်ကျင့်ပိုင်ခွင့်ကိုပြောတာမဟုတ်ပါဘူး။ လုံလုံခြုံခြုံနဲ့ကိုယ့်ဘ၀ကို အကောင်းဆုံးဖြစ်အောင် ထူထောင်ပိုင်ခွင့်ကိုလိုချင်ကြတယ်။ လုံလုံခြုံခြုံဆိုတာ ဘေးကနေပြီး ဖမ်စီးချုပ်နှောင်တာကို ပြောတာ မဟုတ်ပါဘူး။ ဥပဒေရဲ့ အကာအကွယ်အရ လုံခြုံမှုရှိတာကိုပြောတာပါ။ ကျွန်မ သိပ်လိုချင်တာဘဲ အဲ့တော့ တစ်ခြားပြည်သူတွေလဲလိုချင်ကြတာပဲ။ ကျွန်မကဆိုလို့ရှိရင် လွတ်လပ်မှုနဲ့ လုံခြုံမှုဆိုတာဟာ နိုင်ငံသူ နိုင်ငံသားတိုင်းရဲ့ ရပိုင်ခွင့်လို့ ကျွန်မဒီလိုဘဲမြင်တယ်။ အားလုံးကိုတန်းတူ ညီတူအကာအကွယ်ပေးရမယ်။ တာဝန်ယူမှုဆိုတာအဲ့တာပဲ ဒါကြောင့်မိုလို့ တာဝန်ယူမယ့် အစိုးရတစ်ခု တက်လာ ရေးအတွက် ပြည်သူများဟာ ကူညီကြပါ၊ ကျွန်မ ပွင့်ပွင့်လင်းလင်းပြောမယ် NLD ကိုမဲပေးပါ။ NLD ကိုယ်စားလှယ်တွေကို လုံဝမျက်နှာမကြည့်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးတော့ ဘယ်စနစ်ကို ဒီနိုင်ငံမှာ ကျင့် သုံးသွားမယ်ဆိုတာ ကိုယ်စားလှယ်တစ်ယောက်ခြင်း တစ်ယောက်ခြင်းက ဆုံးဖြတ်မှာမဟုတ်ဘူး။ အဖွဲ့ချုပ်ရဲ့မူဝါဒများအရ ကျွန်မတို့ဟာချမှတ်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ်။”





ဝန်ထမ်းများနှင့်ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့်စကား
***********************************************************************

“၀န်ထမ်းတွေကို ကျွန်မ သတိပေးချင်ပါတယ်။ တစ်ချို့ဝန်ထမ်းတွေက နီးရာဓါးကြောက်တယ် လို့ ပြောနေကြတယ်။ နီးရာဓါးကြောက်ပြီးတော့ မလုပ်ရဲ့ မကိုင်ရဲ ပေါ့နော်။ သူတို့ဘာလဲ မလှုပ်၊မရှုပ်၊ မပြုတ် အဲ့လိုစိတ်၊ အဲ့ဒီအမွေတွေနဲ့ပေါ့နော်။ ကျွန်မကပြောချင်တာက နီးရာဓါးကြောက်နေရတယ်ဆိုရင် ကိုယ့်နားမှာ ဓါးမရှိမယ့်စနစ်ကိုပဲထောက်ခံပါလို့ ကျွန်မကပြောချင်တယ်။ အဲ့တော့ ကိုယ့်အနီးနားမှာ ဓါးမရှိစေမယ့် စနစ်ဖြစ်ပေါ်စေမယ့် အဖွဲ့ကိုပဲထောက်ခံပါ။ ဒီရွေးကောက်ပွဲမှာ မဲပေးဖို့ ဒုက္ခလေးဟာ ဘာမှ မဟုတ်ပါဘူး။ အများဆုံးရက်ပိုင်းလောက်ပဲအလုပ် လုပ်ရမှာပေါ့။ ဒီမဲစားရင်းမှာပါဖို့မတွက်သွား ပြီးတော့လှုပ်ရှားမယ်၊ နောက်ပြီးတော့ရွေးကောက်ပွဲနေ့ကျရင်သွားပြီးတော့မဲပေးရမယ်။ ဒီလိုအချိန် လေးတွေကို အကုန်ခံလိုက်ပါ။ ဒီလိုအချိန်လေးတွေဟာ ကိုယ့်ရဲ့ရှေ့ဘ၀တစ်လျောက်အတွက် ရင်းနှီး တာဖြစ်ပါတယ်ဆိုပြီးတော့ မဲပေးဖို့ဆော်သြပါလို့ မေတ္တာရပ်ခံပါတယ်။”






https://youtu.be/qEEOOoF-XhE

အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၈ နာရီ၁၅မိနစ်က နေပြည်တော် နှင်းဆီစံအိမ်မှထွက်ခွါပြီး ဥတ္တရသီရိ မြို့နယ် တောင်ညိုကျေးရွာအုပ်စု သာသနာ့ဝေပုလ္လကျောင်းသို့သွားရောက်ခဲ့ပြီး ဆရာတော်ဘုရားထံမှ သြ၀ါဒခံယူခဲ့သည်။ ထို့နောက် တောင်ညိုကျေးရွာ အဖွဲ့ချုပ်ရုံးသို့ထွက်ခွါခဲ့ပြီး ဒေသခံပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာပညာပေးဟောပြောခဲ့သည်။ ( ၀၈း ၁၅) တွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်နေပြည်တော်နေအိမ်မှာစတင်ထွက်ခွါပြီး ဥတ္တရသီရီမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊သာသနာ့ဝေပုလ္လ ကျောင်းသိုရောက်ရှိပြီးဆရာတော်အရှင်သူမြတ်အားဖူးမျှော်ကန်တော့ကာသင်္ကန်း၊ သံဃာတော်သုံးလှူဖွယ်ပစ္စည်းများအားဆက်ကပ်
လှူဒါန်းအပြီး ဆရာတော်ထံမှ သြ၀ါဒ ခံယူခဲ့သည်။
အဆိုပါခရီးစဉ်သို့ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အတူ ဗဟိုအလုပ်အမှု့ဆောင် အဖွဲ့ဝင် အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ဒေါက်တာဇော်မြင့်မောင် အဖွဲ့ချူပ်ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်၊ နေပြည်တော်ခရိုင်ဥက္ကဋ္ဌ ဦးမင်းသူနှင့် လွှတ်တော်ကိုယ်စားလှယ်၊ ဒေါ်စန္ဒာမင်း၊ ဦးနိုင်ငံလင်း၊ ဦးဖြိုးဇေယျာသော်နှင့်
ဒီချူပ်ခရိုင် မြို့နယ်တာဝန်ရှိသူများလိုက်ပါခဲ့သည်။
အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့သည် နံနက် (၉း၁၅)တွင် သာသနာ့ဝေပုလ္လ ကျောင်းမှ ပြန်လည်ထွက်ခွါသည်။
ပြီးနောက် တောင်ညိုကျေးရွာအုပ်စုမှ ပြန်လည်ထွက်ခွါပြီး ဥတ္တရသီရီမြို့နယ် မင်းကုန်းကျေးရွာအုပ်စု၊ ဆယ်ကန်ရွာ၊ ဆည်ဦးဘုန်ကြီးကျောင်းသို့ သွားရောက်၍ အဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့်အဖွဲ့သည် ဆည်ဦးကျောင်း ဆရာတော်နှင့် ပင့် သံဃာဆရာတော်အရှင်သူမြတ်များအား ၀ါဆိုသင်္ကန်း များဆက်ကပ်လှူဒါန်းပြီး ဆရာတော်အရှင်သူမြတ်များထံမှ သြ၀ါဒ ခံယူပြီး ကျောင်းတိုက်အတွင်းဖွင့်လှစ်ထားသော သိရီမင်္ဂလာဆည်ဦး ဘုန်းတော်ကြီးသင်အခြေပညာမူလတန်းကျောင်းနှင့် လမ်းပြကြယ် ပညာရေးပရဟိတ သင်တန်းကျောင်း တို့မှ ဆရာမများကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ နှုတ်ခွန်းဆက်စကားပြောကြားပြီးပြန်လည်ထွက်ခွါခဲ့သည်။ ထို့နောက်ဆက်လက်၍ မင်းကုန်းရွာသို့ သို့ သွားရောက်ခဲ့ပြီး
အဖွဲ့ချုပ် ဥက္ကဋ္ဌသည် ဒေသခံပြည်သူများအားရွေးကောက်ပွဲဆိုင်ရာကိစ္စများဟောပြောခဲ့သည်။ ၁၂နာရီတွင် နေအိမ်၌ ခေတ္တပြန်လည်အနားယူ အပြီး နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် နှင်းဆီစံအိမ်မှ
ဇမ္ဗူသီရိမြို့နယ်သို့ပြန်လည်ထွက်ခွါ ခဲ့ပြီးနေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသော ဇမ္ဗူသီရိ လွှတ်တော်ကိုယ်စားလှယ်ရုံးတွင် ပြည်သူလူထုအား ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ ပြီးနောက် ဒက္ခိဏသီရိ မြို့နယ် ရွှေခဲအင်းကျေးရွာ၊ ရွာ ဦးကျောင်းဆရာတော်အားသွားရောက်ဖူးမျှော်ပြီး ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ဆရာတော်ထံမှ သြ၀ါဒခံယူခဲ့သည်။ ရွာတွင်းသို့ ပြန်လည်ထွက်ခွါပြီး ရွှေခဲအင်းကျေးရွာ အုပ်စုအဖွဲ့ ချုပ်ရုံးတွင်ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စများနှင့် ပါတ်သက်ပြီးရှင်းလင်းပြောကြားသည်။ အဆိုပါခရီးစဉ်သို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် အတူ ဗဟိုအလုပ်အမှု့ဆောင် အဖွဲ့ဝင် အဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်၊ အဖွဲ့ ချူပ်ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် နေပြည်တော်ခရိုင်ဥက္ကဋ္ဌ ဦးမင်းသူနှင့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ ဦးနိုင်ငံလင်း၊ ဦးဖြိုးဇေယျာသော်နှင့်
ဒီချူပ် ခရိုင်၊ မြို့နယ် တာဝန်ရှိသူများလိုက်ပါသည်။


A campaign around Naypyidaw.

Daw Aung San Suu Kyi spoke to the public at three townships in Naypyidaw about voters' education and importance of the upcoming elections. She aswered questions of the people at the rally. She offered waso robes to monks at monasteries.


No comments:

Post a Comment