Friday, August 21, 2015

၂၁ .၈.၂၀၁၅ ရန်ကုန်တွင် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြော








 

၂၁ .၈.၂၀၁၅ ရန်ကုန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောပွဲကို ညနေ ၃း၄၀ က သံလျှင်မြို့ ကျိုက်ဒေးရုံဘုရားဝန်းမှာတောင်ပိုင်းခရိုင်လူထုနဲ့ တွေ့ ဆုံရာတွင်အဖွဲ့ချုပ်ဥက္ကဋ္ဌမှ အ ဖွဲ့  ချုပ် ရဲ့ အလံ တော် ကို ပဲ မဲ ပေးပါ ၊
ကိုယ် စလှယ် လောင်း တွေ ရဲ့ မျက် နှာ ကို မကြည့် ပါ နဲ့ ၊
စံ နစ် ကို ပြောင်း လဲ ဖို့  NLD ကို မဲ ပေးပါလို့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
သံလျင်လူထုတွေ့ဆုံပွဲမှာ ပြောကြား ခဲ့ပါတယ်။

“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သူတို့ ၂၆ ရာခိုင်နှုန်းနိုင်လို့ရှိရင် ၂၆ နဲ့ ၂၅ နဲ့ ပေါင်းလိုက်တော့ ၅၁။ ၅၁ ဆိုတော့ လွှတ်တော်ထဲမှာ အများစုရသွားမယ်။ အဲဒါကြောင့်မို့လို့ သူတို့အစိုးရ ဖွဲ့နိုင်မယ်လို့ ပြောတာဟာ။ ကျွန်မကတော့ ပထမဦးဆုံးအားဖြင့် ဒါဟာ ဒီလိုပြောတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပါတီကပဲဖြစ်ဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးတင်မဟုတ်ပါဘူး ကျွန်မတို့အဖွဲ့ချုပ်ကပြောသည်ဖြစ်စေ အခြားပါတီကဖြစ်စေ သူတို့ရဲ့ ပါတီဟာ တစ်နည်းအားဖြင့် ကျွန်မတို့ရဲ့တပ်မတော်ကို စော်ကားရာရောက်တယ်လို့ ကျွန်မပြောပါရစေ။ အဲဒီလိုပြောတဲ့အဓိပ္ပာယ်ဟာ ဘယ်လိုအဓိပ္ပာယ်ရောက်သွားလဲဆိုတာ တပ်မတော်ဟာ ပါတီတစ်ခုရဲ့ ခါးပိုက်ဆောင်တပ်မတော်လို့ပြောတဲ့ အဓိပ္ပာယ်ရောက်လို့ စော်ကားရာရောက်တယ်လို့ ကျွန်မပြောချင်ပါတယ်"
 

No comments:

Post a Comment