Tuesday, August 18, 2015

၁၈.၈.၂၀၁၅တွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှမီဒီယာများသို့ ဖြေကြား ဒီစကား ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှသတင်းမီဒီယာများ ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားချက်





ဒါနဲ့ပတ်သက်လို့ ချက်ခြင်းအဖြေပေးဖို့ဆိုတာမရသေးဘူး ကြည့်ရမှာပေါ့ ဘာဖြစ်လို့လဲဆိုတော့ အခုဘာလဲ ရာခိုင်နှုန်းရုပ်သိမ်းတဲ့ဟာအဖွဲ့ချုပ်ကကိုယ်စားလှယ်တွေလဲဒီထဲမှာပါနေတယ်။ အဲ့ဒီတော့ဒါဟာအန်တီတို့နဲ့ဆိုင်တဲ့ကိစ္စလဲဖြစ်တယ်။ စောင့်ကြည့်ရမှာပေါ့လေ။ ပြည်သူတွေကတော့ဆိုးရိမ်ကြောင့်ကြမှုရှိတာကတော့မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီလြို့ဖစ်လို့ စဉ်တွေလောက်နဲ့ အဖွဲ့ချုပ်ကိုတော့ ပြည်သူရဲ့ထောက်ခံမှုကအင်မတန်မှ တိုးတက်လာမယ် မြင့်တက်လာမယ်။ သားတို့အားလုံးအဖွဲ့ချုပ်ကိုမဲပေးမယ်မို့လား။ ဘာလဲမဖြေရဲဘူးလား။ ဥက္ကဋ္ဌ နှင့်တွေ့ဆုံမှုနဲ့ပတ်သက်ပြီးဘာမေးမြန်းဆွေးနွေးလဲဆိုတာနဲ့ပတ်သက်လို့ ဖြေကြားရာတွင် အန်တီတို့ ဒီလိုဆွေးနွေးတာနဲ့ပတ်သက်လို့ ဘယ်တော့မှ ကြေညာလေ့မရှိဘူး။ ပုံမှန်ပေါ့ ပါတီနဲ့ပတ်သက်တဲ့ကိစ္စတွေ ကျန်တာနိုင်ငံရေးကိစ္စတွေပါပဲ။ ဒါကမီဒီယာသုံးသပ်ရမှာဖြစ်တယ်။ တစ်ယောက်ခြင်းတစ်ယောက်ခြင်းကိုကြည့်ပြီးတော့ ဘယ်သူတွေဟာဘယ်လောက်အထိပြုပြင်ပြောင်းလဲရေးကိုအထောက်အကူပြုလဲဆိုတာ ဒီဟာကမီဒီယာရဲ့တာဝန်ပဲ။ မဟုတ်ပါဘူး ဒီအချိန်မှာဆိုရင် ဘယ်သူကတစ်ကယ့် မိတ်ဆွေစစ်တွေလဲဆိုတာပေါ်လာမယ်ဆိုတော့ မိတ်ဆွေများအထဲမှာ ပိုပြီးတော့အခြင်းခြင်းကြားမှာပိုပြီးတော့ခိုင်ခန့်သွားဖို့ဘဲရှိတာပေါ့။ ခုနကပဲပြောပြီးပြီလေဒီ right to recall နဲ့ ပတ်သက်လို့ အန်တီတို့ကလက်မခံခဲ့ဘူး။ ဒီဟာပြောင်းကိုပြောင်းရမယ့်ကိစ္စ။ အဓိပ္ပါယ်မရှိဘူးတစ်ရာခိုင်နှုန်းကနေပြောင်းရမယ်ဆိုတာ။ ဒီဟာအစပဲရှိသေးတာနော် ဒီတစ်ရာခိုင်နှုန်းလက်မှတ်ထိုးပြီဆိုရင် လုပ်ရမဲ့ကိစ္စတွေကအများကြီး။ လွှတ်တော်အတွင်းမှာဒါမျိုးတွေဖြစ်နေမယ်ဆိုရင် တစ်ခြားအလုပ်တောင်လုပ်ဖို့အချိန်ရှိမှာမဟုတ်ဘူး။ အန်တီတို့ဘယ်လိုယှဉ်ပြိုင်တယ်၊ မယှဉ်ပြိုင်တယ် စာရင်းကိုကြည့်လိုက်ပါ။ အန်တီလဲအလွတ်မရဘူး။ တစ်ချို့နေရာတွေမှာအန်တီတို့ မယှဉ်ပြိုင်ဘူး။ ဒါပေမယ့် အထူးသဖြင့် တစ်ချို့တိုင်းရင်းသားနေရာတွေမှာအန်တီတို့ ယှဉ်ပြိုင်တာတွေရှိပါတယ်။ ဥပမာဆိုလို့ရှိရင် တစ်ချို့နယ်တွေမှယှဉ်ပြိုင်တာခပ်ပွင့်ပွင့်လင်းလင်းပြောရရင် တိုင်းရင်းသားအဖွဲ့တစ်ခုကသေချာပေါက်နိုင်မယ့်နေရာလဲဖြစ်တယ်။ သူတို့ရဲ့မဟာမိတ်အဖွဲ့လည်းဖြစ်တယ်ဆိုရင်။ အန်တီတို့မယှဉ်ပြိုင်တဲ့နေရာတွေလဲရှိတယ်။ ဒါပေမယ့် အန်တီတောင်မှ အလွတ်မရဘူး။ ပြန်ကြည့်လိုက်ရင်သိမှာပါ။ အဲ့တာတော့မရှိသင့်ဘူးပေါ့။ အဲ့တာရှိလာပြီဆိုရင်တော့ ဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စ။ အဲ့တာမီဒီယာကစောင့်ကြည့်ရမယ့်ကိစ္စ၊ တစ်တိုင်းပြည်လုံးက ပြည်သူပြည်သားတွေကစောင့်ကြည့်ရမယ့်ကိစ္စဖြစ်ပါတယ်။ အန်တီကိုလဲပြန်ပြီးဖြေပါ့မယ်လို့ ပြောထားတယ်။ မီဒီယာဘက်ကနေပြီးတော့ ဘယ်လိုသုံးသပ်လဲ။ ကျွန်တော်တို့သုံးသပ်တာတစ်ခုကခုနက ကျွန်တော်ပြောသလိုပေါ့ တပ်ရယ်၊ အစိုးရရယ်၊ ရွှေးကောက်ပွဲကော်မရှင်ရယ် တစ်ပေါင်းတည်းဖြစ်သွားတယ်ဆိုလို့ရှိရင် ၂၀၁၅ ရွေးကောက်ပွဲမှာအကယ်၍ သူတို့ဘက်က ၂၆ ရာခိုင်နှုန်းရမယ်ဆိုလို့ရှိရင်၊ အစိုးရဖွဲ့နိုင်တဲ့အနေအထားရှိတယ်ဆိုလို့ရှိရင် ၂၆ ရာခိုင်နှုန်းက စိုးရိမ်စရာအနေအထားဖြစ်နေတယ်ပေါ့။ လွှတ်တော်ထဲမှာ ၃၃၃ ခုံရလို့ရှိရင် သူတို့အစိုးရဖွဲ့နိုင်ပြီ။ အဲ့တော့ အန်တီတို့အနေနဲ့ ဒီကိစ္စကိုဘယ်လိုမျိုးပြန်ပြီးတော့ ဘာဖြစ်နိုင်လဲဒီဟာကို ပြန်ပြီးတော့ အကြံပြုချင်တာပါ။ အဲ့တာတော့ရှင်းရှင်းပဲအန်တီတို့ပြောတယ် NLD ကိုတစ်ရာရာခိုင်နှုန်းထောက်ခံပါလို့။ ထောက်ခံဖို့လိုတယ် ပြည်သူလူထု ၁၀၀ ရာခိုင်နှုန်း ထောက်ခံလိုက် ဒီကိစ္စမဖြစ်ဘူး။ မီဒီယာတွေကဒီကိစ္စတွေကိုဘယ်လောက်တက်တက်ကြွကြွ တိတိကျကျ လိုက်ပြီးတော့စုံစမ်းနေကြလဲတိတိကျကျကတော့ အန်တီအခြေအနေကအများကြီးရှိပါသေးတယ်။
တက်တက်ကြွကြွကတော့ ဒီပရိတ်သတ်ကို ကြည့်လိုက်ရင် အန်တီခန့်မှန်းနိုင်မယ်ထင်ပါတယ်။

သြဂုတ်လ ၁၈ ရက် ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး

သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားမှုအပြည့်အစုံဖြစ်ပါသည်။

No comments:

Post a Comment