Tuesday, January 12, 2016

အဖဲြ႕ခ်ဳပ္ဥကၠ႒ ေဒၚေအာင္ဆန္းစုုၾကည္ ျပည္ေထာင္စုု ၿငိမ္းခ်မ္းေရးညီလာခံသို႔ တက္ေရာက္







(Zawgyi)

ျပည္ေထာင္စုုၿငိမ္းခ်မ္းေရးညီလာခံကိုု ဇန္န၀ါရီလ ၁၂ ရက္ေန႔ ယေန႔နံနက္ ၉ နာရီကေနျပည္ေတာ္ရွိ MICC (2) တြင္က်င္းအျပဳလုုပ္ခဲ့ပါသည္။ အဆိုုပါအခမ္းအနားသိုု႔ ႏိုုင္ငံေတာ္ သမၼတ ဦးသိန္းစိန္၊ ျပည္ေထာင္စုုလႊတ္ေတာ္နာယက သူရဦးေရႊမန္း၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ ဦးခင္ေအာင္ျမင့္၊ တရားဥပေဒစိုုးမိုုးေရးႏွင့္တည္ၿငိမ္ေအးခ်မ္းေရးေကာ္မတီဥကၠ႒ ေဒၚေအာင္ဆန္းစုုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္၊ အစိုုးရ၀န္ႀကီးမ်ား ႏွင့္တိုုင္းရင္သားလက္နက္ကိုုင္ အဖြဲ႕စည္းမ်ား၊ ႏိုုင္ငံေရးပါတီမ်ား၊ ၈၈ မ်ိဳးဆက္မ်ား တက္ေရာက္ခဲ့ၾကၿပီး ႏိုုင္ငံေတာ္သမၼတမွ အဖြင့္မိန္႔ခြန္းေျပာၾကားၿပီးေနာက္၊ သူရဦးေရႊမန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ႏွင့္အမ်ိဳးသားဒီမိုုကေရးစီအဖြဲ႕ခ်ဳပ္ဥကၠ႒ေဒၚေအာင္ဆန္းစုုၾကည္တိုု႔မွ အမွာစကားေျပာၾကားခဲ့ၾကသည္။




ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံဖြင့္ပြဲ၌ ေျပာၾကားေသာ ေဒၚေအာင္ဆန္းစုၾကည္၏ မိန္႕ခြန္း
          ပထမဦးစြာ ယေန႔စုုစည္းတက္ေရာက္လာၾကေသာ ႏိုင္ငံေတာ္အစိုုးရအဖြဲ႔၊ ျပည္ေထာင္စုလႊတ္ေတာ္၊ တပ္မေတာ္ႏွင့္ အျခားအဖြဲ႕အစည္းအသီးသီးတိုု႔ကိုု ကိုုယ္စားျပဳေသာ ဧည့္သည္ေတာ္မ်ားႏွင့္၊ ျပည္ေထာင္စုုတိုုင္းရင္းသားညီအကိုေမာင္ႏွမမ်ား အားလံုးအတြက္ မဂၤလာအေပါင္းႏွင့္ ျပည့္စံုုေသာ (၂၀၁၆)ခုုႏွစ္ ျဖစ္ပါေစလိုု႔ ဆုုေတာင္းလိုုက္ပါတယ္။
          ျပည္ေထာင္စုႀကီးၿငိမ္းခ်မ္းေရးရရွိရန္ ဝိုုင္းဝန္းႀကိဳးပမ္းၾကေသာ ႏိုင္ငံေတာ္သမၼတႀကီး ဦးေဆာင္တဲ႔ အစိုးရအဖြဲ႕ဝင္မ်ား၊ ျပည္ေထာင္စုလႊတ္ေတာ္နာယကႀကီးဦးေဆာင္တဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္သား ကိုယ္စားလွယ္မ်ား၊ ျမန္မာႏိုင္ငံျငိမ္းခ်မ္းေရး ျပန္လည္ထူေထာင္ေရးလုပ္ငန္း ဗဟိုေကာ္မတီ (MPC)မွ ပုဂၢိဳလ္မ်ား၊ ျပည္ေထာင္စုျငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးလုပ္ငန္းေကာ္မတီ (UPWC)မွ တာဝန္ရွိသူမ်ား အားလံုးရဲ႕ ေဆာင္ရြက္မႈမ်ားေၾကာင့္ ယခုုလိုုညီလာခံႀကီးကိုု က်င္းပႏိုုင္ျခင္းျဖစ္ပါတယ္။
အမ်ိဳးသားဒီမိုုကေရစီအဖြဲ႔ခ်ဳပ္အေနျဖင့္ ျပည္ေထာင္စုႀကီးအတြင္း တိုင္းရင္းသားမ်ား အားလံုးရဲ႕ တန္းတူရည္တူ အခြင့္အေရးမ်ားကို ေလးစားအေကာင္အထည္ေဖာ္ေရး၊ ျပည္ေထာင္စုုသားအခ်င္းခ်င္း သဟဇာတျဖစ္ေရးမူတိုု႔ကိုု ခိုုင္ခိုုင္မာမာ စြဲကိုုင္ခဲ့ပါတယ္။ အျပန္အလွန္ေလးစားမႈ၊ ယံုုၾကည္မႈတိုု႔ျဖင့္ စားပြဲဝိုုင္းေျဖရွင္းနည္းကို က်င့္သံုးၿပီး ပင္လံုစိတ္ဓါတ္ကို အေျခခံေသာ ႏိုင္ငံေရးေတြ႕ဆံုေဆြးေႏြးပြဲမ်ား ျပဳလုပ္ရန္မွာ က်မတိုု႔အဖြဲ႔ခ်ဳပ္ စတင္ တည္ေထာင္စဥ္ကတည္းက မူေတြဘဲျဖစ္ပါတယ္။
          တစ္ႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရးဆိုင္ရာစာခ်ဳပ္ဟာ ျပည္ေထာင္စုႀကီး ျငိမ္းခ်မ္းေရးအတြက္ ပထမအစေျခလွမ္းသာျဖစ္ပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားအားလံုး ပါဝင္လက္မွတ္ေရးထိုးႏိုင္ေအာင္ မလႊဲမေသြ ႀကိဳးပမ္းေဆာင္ရြက္ ရဦးမွာပါ။ ျပည္ေထာင္စုဖြား တိုင္းရင္းသားမ်ား အခ်င္းခ်င္းၾကားမွာ (NCA) စာခ်ဳပ္ကို လက္မွတ္ေရးထုိုးေသာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ လက္မွတ္ေရးထိုးျခင္း မျပဳရေသးေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ား အခ်င္းခ်င္း စိတ္ဝမ္းမကြဲျပားဖိုု႔ အေရးႀကီးပါတယ္။ မတရားအသင္းမွ ပယ္ဖ်က္ခံရၿပီးျဖစ္ေသာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ မတရားအသင္းမွ ပယ္ဖ်က္ျခင္းမခံရေသးေသာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားၾကားမွာ နားလည္မႈလြဲမွားျခင္း မျဖစ္ေစဖိုု႔လည္း ဂ႐ုုစိုုက္ရပါမယ္။
          က်မတို႔ႏိုင္ငံမွာ တမ်ိဳးသားလံုး ျပန္လည္သင့္ျမတ္ဖို႔ အထူးလိုအပ္လွပါတယ္။ အမ်ိဳး သားျပန္လည္သင့္ျမတ္ေရးကို ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားမွာ လ်စ္လ်ဴရႈထားလို႔ မရႏိုင္ပါ။
အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးမရရွိဘဲနဲ႔ တည္တံ႔ခိုင္ျမဲမယ့္ ျငိမ္းခ်မ္းေရးကို မည္သို႔မွ် မတည္ေဆာက္ႏိုင္ပါ။ ယခုုအခ်ိန္မွာ ျပည္သူျပည္သားတိုင္းရင္းသားမ်ားက က်မတို႔ကို ေပးထားေသာ လုပ္ပိုင္ခြင့္အာဏာ (mandate) အေပၚအေျခခံ၍ ထာဝရၿငိမ္းခ်မ္းေရး ရယူရမယ့္ တာဝန္ကိုု ထမ္းေဆာင္ဖိုု႔ အဆင္သင့္ရွိပါတယ္။ အားလံုးက ပူးေပါင္းပါဝင္ကူညီ ၾကမယ္လို႔လည္း အထူးေမွ်ာ္လင့္ပါတယ္။
          ႏိုင္ငံေရးေဆြးေႏြးမႈဆိုင္ရာမူေဘာင္ခ်မွတ္ျခင္း (Political Framework for Dialogue) မွာ အေျခအေန၊အခ်ိန္အခါအရ လိုအပ္သလို ျပဳသာျပင္သာ (Flexible)ျဖစ္ရန္ လိုအပ္ပါတယ္။ ျပန္လည္ျပင္ဆင္လိုု႔ ခက္ခဲမယ့္ အေျပာင္းအလဲမ်ားလည္း ရွိေနတတ္သျဖင့္ အနာဂတ္လုပ္ငန္းစဥ္မ်ားကို ခ်မွတ္ရာတြင္ သတိထားျပီး ထည့္သြင္း စဥ္းစားရမွာျဖစ္ပါတယ္။ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးဆိုတဲ႔ အာဏာႀကီးသံုးရပ္ရဲ႕ လုပ္ပိုင္ခြင့္နဲ႔တာဝန္မ်ားကိုု သတိမူ၍ ျပည္ေထာင္စု ျငိမ္းခ်မ္းေရးညီလာခံႀကီး လုုပ္ကုုိင္ေဆာင္ရြက္ျခင္းျဖင့္ ထိေရာက္ေသာ ဆံုုးျဖတ္ခ်က္မ်ား ခ်မွတ္ႏိုုင္ပါမယ္။ ၫႈိႏိႈင္းပူးေပါင္းေဆာင္ရြက္ျခင္းရဲ႕ အသီးအပြင့္မ်ားျဖင့္ ျပည္ေထာင္စုုတိုုင္းရင္းသားမ်ား၏ ၿငိမ္းခ်မ္းေရးအိပ္မက္ကိုု အေကာင္အထည္ေဖာ္ႏိုုင္ပါမယ္။
          က်မတို႔ဟာ (၂၁) ရာစုႏွင့္ ကိုက္ညီမႈရွိတဲ႔ ပင္လံုညီလာခံမ်ိဳးကို ေမွ်ာ္လင့္ပါတယ္။
တစ္ခ်ိန္က တိုင္းရင္းသားမ်ားအားလံုး တက္ညီလက္ညီ ပူးေပါင္းပါဝင္ ေဆာင္ရြက္ခဲ႔ျခင္းေၾကာင့္ က်မတို႔ႏိုင္ငံဟာ လြတ္လပ္ေရးကို ရရွိခဲ႔ပါတယ္။ ကိုယ္လုိခ်င္တဲ႔ပန္းတိုင္ကို ေရာက္ရွိခဲ႔ပါတယ္။ တိုင္းရင္းသားမ်ားအားလံုး ပူးေပါင္းပါဝင္ ေဆာင္ရြက္ျခင္းဟာ တကြဲတျပားစီလုုပ္ေဆာင္ျခင္းထက္ ပိုျပီး ထိေရာက္မႈရွိတယ္ဆိုတဲ႔ သာဓကျဖစ္ပါတယ္။ ယခုလည္း တိုင္းရင္းသားမ်ားအားလံုး ပူးေပါင္းပါဝင္ ေဆာင္ရြက္ျခင္းျဖင့္ ကိုယ္လိုခ်င္တဲ႔ပန္းတုိင္းကို ျမန္ျမန္ဆန္ဆန္၊ ေအာင္ေအာင္ျမင္ျမင္ ေရာက္ႏိုင္တယ္၊ တုိင္းရင္းသားမ်ားအသီးသီးရဲ႕ ေမွ်ာ္မွန္းခ်က္မ်ားကို စုေပါင္းျပီး အေကာင္အထည္ ေဖာ္ႏိုင္တယ္ဆိုတဲ႔ အေတြးအေခၚအယူအဆဟာ (၂၀) ရာစုုက စခဲ့ေပမယ့္ (၂၁) ရာစုအတြက္ပါ လိုုအပ္တဲ့ ပင္လံုစိတ္ဓါတ္၊ တစ္နည္းအားျဖင့္ ျပည္ေထာင္စုစိတ္ဓါတ္ ျဖစ္ပါတယ္။
          ယခုအခါ ဆက္သြယ္ေရးနည္းပညာ တိုးတက္မႈမ်ားေၾကာင့္ ကမာၻတဝွမ္း အခ်ိန္ႏွင့္ တစ္ေျပးညီ ဆက္ႏြယ္မႈေတြရွိေနပါတယ္။ ယင္းနည္းပညာသစ္ အခြင့္အလမ္းအသစ္ မ်ားကို အသံုးခ်ျပီး ယခင္က မစြမ္းေဆာင္ႏိုင္ခဲ႔တာမ်ားကို ယခုအခါ ေအာင္ေအာင္ျမင္ျမင္ လုပ္ေဆာင္ႏိုင္ျခင္းျဖင့္ (၂၁)ရာစုု ညီလာခံႀကီးကိုု က်င္းပႏိုုင္မွာပါ။ တိုင္းရင္းသားမ်ား အားလံုး အျပန္အလွန္နားလည္မႈ၊ အျပန္အလွန္ ယံုၾကည္မႈ၊ အျပန္အလွန္ ခ်စ္ခင္ရင္းႏွီးမႈ၊ အျပန္အလွန္ေလးစားမႈတို႔ျဖင့္ ပူးေပါင္းေဆာင္ရြက္ၾကမွသာလ်င္ စစ္မွန္တဲ႔ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုၾကီးကို တည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။ ျပည္ေထာင္စုၾကီးအတြင္း မွီတင္းေနထိုင္ၾကေသာ တိုင္းရင္းသားမ်ားအားလံုး စစ္မွန္တဲ့ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုု ႏိုင္ငံေတာ္သစ္ကို တည္ေဆာက္ရာတြင္ ကိုယ္စြမ္းဥာဏ္စြမ္းရွိသမွ် စည္းလံုး ညီညြတ္စြာျဖင့္ ပူးေပါင္းပါဝင္ေဆာင္ရြက္ၾကရန္ အထူးလိုအပ္ပါတယ္။
          မိမိတို႔အခ်င္းခ်င္း ယခုျဖစ္ပြားေနဆဲ တိုက္ပြဲမ်ားကိုလည္း မိသားစုစိတ္ဓါတ္ကို အေျခခံျပီး ရင့္က်က္ေသာႏိုင္ငံေရးစံႏႈန္းမ်ားကို ျပဳစုပ်ိဳးေထာင္ျခင္းအားျဖင့္ အျမန္ဆံုး ရပ္စဲသြားေစႏိုုင္မယ္လိုု႔ ယံုၾကည္ပါတယ္။ ယေန႔ ျပည္ေထာင္စုျငိမ္းခ်မ္းေရးညီလာခံၾကီးသုိ႔ တက္ေရာက္လာၾကေသာ ျပည္ေထာင္စုဖြား တုိင္းရင္းသားညီအကိုေမာင္ႏွမမ်ားႏွင့္တကြ ႏိုုင္ငံသူ ႏိုုင္ငံသားမ်ားအားလံုုး ႏွလံုးစိတ္ဝမ္း ေအးခ်မ္းၾကေစရန္အတြက္ တည္တံ့ ခုိင္ျမဲေသာ ျငိမ္းခ်မ္းေရးကို အျမန္ဆံုးေအာင္ျမင္စြာ ထူေထာင္ႏိုင္ေရးအတြက္ ဝိုုင္းဝန္းေဆာင္ရြက္ၾကပါစိုု႔လိုု႔ တုိက္တြန္းရင္း နိဂံုးခ်ဳပ္အပ္ပါတယ္။

(Myanmar 3)

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇန်နဝါရီလ ၁၂ ရက်နေ့ ယနေ့နံနက် ၉ နာရီကနေပြည်တော်ရှိ MICC (2) တွင်ကျင်းအပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အစိုးရဝန်ကြီးများ နှင့်တိုင်းရင်သားလက်နက်ကိုင် အဖွဲ့စည်းများ၊ နိုင်ငံရေးပါတီများ၊ ၈၈ မျိုးဆက်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်သမ္မတမှ အဖွင့်မိန့်ခွန်းပြောကြားပြီးနောက်၊ သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့မှ အမှာစကားပြောကြားခဲ့ကြသည်။


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲ၌ ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း
    ပထမဦးစွာ ယနေ့စုစည်းတက်ရောက်လာကြသော နိုင်ငံတော်အစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ တပ်မတော်နှင့် အခြားအဖွဲ့အစည်းအသီးသီးတို့ကို ကိုယ်စားပြုသော ဧည့်သည်တော်များနှင့်၊ ပြည်ထောင်စုတိုင်းရင်းသားညီအကိုမောင်နှမများ အားလုံးအတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော (၂၀၁၆)ခုနှစ် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
    ပြည်ထောင်စုကြီးငြိမ်းချမ်းရေးရရှိရန် ဝိုင်းဝန်းကြိုးပမ်းကြသော နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်နာယကကြီးဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်သား ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုကော်မတီ (MPC)မှ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)မှ တာဝန်ရှိသူများ အားလုံးရဲ့ ဆောင်ရွက်မှုများကြောင့် ယခုလိုညီလာခံကြီးကို ကျင်းပနိုင်ခြင်းဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားများ အားလုံးရဲ့ တန်းတူရည်တူ အခွင့်အရေးများကို လေးစားအကောင်အထည်ဖော်ရေး၊ ပြည်ထောင်စုသားအချင်းချင်း သဟဇာတဖြစ်ရေးမူတို့ကို ခိုင်ခိုင်မာမာ စွဲကိုင်ခဲ့ပါတယ်။ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုတို့ဖြင့် စားပွဲဝိုင်းဖြေရှင်းနည်းကို ကျင့်သုံးပြီး ပင်လုံစိတ်ဓါတ်ကို အခြေခံသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန်မှာ ကျမတို့အဖွဲ့ချုပ် စတင် တည်ထောင်စဉ်ကတည်းက မူတွေဘဲဖြစ်ပါတယ်။
    တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာစာချုပ်ဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ပထမအစခြေလှမ်းသာဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် မလွှဲမသွေ ကြိုးပမ်းဆောင်ရွက် ရဦးမှာပါ။ ပြည်ထောင်စုဖွား တိုင်းရင်းသားများ အချင်းချင်းကြားမှာ (NCA) စာချုပ်ကို လက်မှတ်ရေးထိုုးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အချင်းချင်း စိတ်ဝမ်းမကွဲပြားဖို့ အရေးကြီးပါတယ်။ မတရားအသင်းမှ ပယ်ဖျက်ခံရပြီးဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မတရားအသင်းမှ ပယ်ဖျက်ခြင်းမခံရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြားမှာ နားလည်မှုလွဲမှားခြင်း မဖြစ်စေဖို့လည်း ဂရုစိုက်ရပါမယ်။
    ကျမတို့နိုင်ငံမှာ တမျိုးသားလုံး ပြန်လည်သင့်မြတ်ဖို့ အထူးလိုအပ်လှပါတယ်။ အမျိုး သားပြန်လည်သင့်မြတ်ရေးကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ လျစ်လျူရှုထားလို့ မရနိုင်ပါ။
အမျိုးသားပြန်လည်သင့်မြတ်ရေးမရရှိဘဲနဲ့ တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးကို မည်သို့မျှ မတည်ဆောက်နိုင်ပါ။ ယခုအချိန်မှာ ပြည်သူပြည်သားတိုင်းရင်းသားများက ကျမတို့ကို ပေးထားသော လုပ်ပိုင်ခွင့်အာဏာ (mandate) အပေါ်အခြေခံ၍ ထာဝရငြိမ်းချမ်းရေး ရယူရမယ့် တာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့်ရှိပါတယ်။ အားလုံးက ပူးပေါင်းပါဝင်ကူညီ ကြမယ်လို့လည်း အထူးမျှော်လင့်ပါတယ်။
    နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ချမှတ်ခြင်း (Political Framework for Dialogue) မှာ အခြေအနေ၊အချိန်အခါအရ လိုအပ်သလို ပြုသာပြင်သာ (Flexible)ဖြစ်ရန် လိုအပ်ပါတယ်။ ပြန်လည်ပြင်ဆင်လို့ ခက်ခဲမယ့် အပြောင်းအလဲများလည်း ရှိနေတတ်သဖြင့် အနာဂတ်လုပ်ငန်းစဉ်များကို ချမှတ်ရာတွင် သတိထားပြီး ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာကြီးသုံးရပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့တာဝန်များကို သတိမူ၍ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီး လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပါမယ်။ ညှိုနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အသီးအပွင့်များဖြင့် ပြည်ထောင်စုတိုင်းရင်းသားများ၏ ငြိမ်းချမ်းရေးအိပ်မက်ကို အကောင်အထည်ဖော်နိုင်ပါမယ်။
    ကျမတို့ဟာ (၂၁) ရာစုနှင့် ကိုက်ညီမှုရှိတဲ့ ပင်လုံညီလာခံမျိုးကို မျှော်လင့်ပါတယ်။
တစ်ချိန်က တိုင်းရင်းသားများအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်းကြောင့် ကျမတို့နိုင်ငံဟာ လွတ်လပ်ရေးကို ရရှိခဲ့ပါတယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်ရှိခဲ့ပါတယ်။ တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဟာ တကွဲတပြားစီလုပ်ဆောင်ခြင်းထက် ပိုပြီး ထိရောက်မှုရှိတယ်ဆိုတဲ့ သာဓကဖြစ်ပါတယ်။ ယခုလည်း တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် ကိုယ်လိုချင်တဲ့ပန်းတိုင်းကို မြန်မြန်ဆန်ဆန်၊ အောင်အောင်မြင်မြင် ရောက်နိုင်တယ်၊ တိုင်းရင်းသားများအသီးသီးရဲ့ မျှော်မှန်းချက်များကို စုပေါင်းပြီး အကောင်အထည် ဖော်နိုင်တယ်ဆိုတဲ့ အတွေးအခေါ်အယူအဆဟာ (၂၀) ရာစုက စခဲ့ပေမယ့် (၂၁) ရာစုအတွက်ပါ လိုအပ်တဲ့ ပင်လုံစိတ်ဓါတ်၊ တစ်နည်းအားဖြင့် ပြည်ထောင်စုစိတ်ဓါတ် ဖြစ်ပါတယ်။
    ယခုအခါ ဆက်သွယ်ရေးနည်းပညာ တိုးတက်မှုများကြောင့် ကမ္ဘာတဝှမ်း အချိန်နှင့် တစ်ပြေးညီ ဆက်နွယ်မှုတွေရှိနေပါတယ်။ ယင်းနည်းပညာသစ် အခွင့်အလမ်းအသစ် များကို အသုံးချပြီး ယခင်က မစွမ်းဆောင်နိုင်ခဲ့တာများကို ယခုအခါ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခြင်းဖြင့် (၂၁)ရာစု ညီလာခံကြီးကို ကျင်းပနိုင်မှာပါ။ တိုင်းရင်းသားများ အားလုံး အပြန်အလှန်နားလည်မှု၊ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြမှသာလျင် စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စည်းလုံး ညီညွတ်စွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အထူးလိုအပ်ပါတယ်။
    မိမိတို့အချင်းချင်း ယခုဖြစ်ပွားနေဆဲ တိုက်ပွဲများကိုလည်း မိသားစုစိတ်ဓါတ်ကို အခြေခံပြီး ရင့်ကျက်သောနိုင်ငံရေးစံနှုန်းများကို ပြုစုပျိုးထောင်ခြင်းအားဖြင့် အမြန်ဆုံး ရပ်စဲသွားစေနိုင်မယ်လို့ ယုံကြည်ပါတယ်။ ယနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးသို့ တက်ရောက်လာကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအကိုမောင်နှမများနှင့်တကွ နိုင်ငံသူ နိုင်ငံသားများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြစေရန်အတွက် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို အမြန်ဆုံးအောင်မြင်စွာ ထူထောင်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။




No comments:

Post a Comment